စလင်း ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာရှိ မတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ သည့် မီးဘေးသင့်အိမ်ထောင်စု (၃၂) စုတို့၏ ပြည်သူများအတွက် စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၃၂)စုအား မတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၅ အချိန် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၃၂) အိမ်ထောင်စု၊ လူဦးရေ (၁၁၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၃၆၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၁၁၆) ဦးတို့အတွက် စားနပ်ရိက္ခာဆန်ဖိုး (၂၄၃၆၀၀)ကျပ်၊ စုစုပေါင်း (၃၈၄၃၆၀၀) ကျပ်ကို ကျေးရွာနေ မီးဘေးသင့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်တို့က မီးဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)