မင်းလှမြို့၌၂၀၂၃ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ    ဧပြီ ၁  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထွန်းအောင်က ၂၀၂၃ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအားဖွဲ့စည်း ပေးထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်း၍ဆောင်ရွက်ကြရန် သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ရပ်ကွက်အသီးသီးမှ အကအလှယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေ နိုင်ရေး၊ ရေကစားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရား နာယူရန်နှင့်သက်ကြီးပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။  

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး ဘဏ္ဍာငွေရှာ ဖွေရေးကော်မတီ၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ အသီးသီးဖွဲ့စည်းပြီး ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့်ညှိနှိုင်းပြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ထို့ နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ဆွေးနွေးခဲ့ကြရာ၊ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည် များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)