လက်ပံတန်း​​မြို့၌ (၉၇)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်တော် လှူဒါန်း

လက်ပံတန်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၉၇)ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၈နာရီက လမ်းမတော်လမ်းနှင့် (၃)လမ်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အစဥ်အလာမပျက် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို လက်ပံတန်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်(၁၆၄)တိုက်မှ သံဃာ အပါး (၄၀၀)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုမစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)