တနင်္သာရီမြို့နယ်(မူလတန်းအဆင့်)ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်း အောင်မြင်စွာ ပြီးမြောက်

တနင်္သာရီ  ဧပြီ ၁

၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းသူ/သားများကို အခြေခံမှစ၍ ထိရောက်မှု အပြည့်အဝဖြင့် အစဉ်ဆက်မပြတ် သင်ကြားမှုရရှိနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)ဘာသာရပ် သင်ကြားရေးစွမ်းရည် မြှင့်မားရေးဆွေးနွေးပွဲသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မူလတန်းအဆင့်ဘာသာရပ် သင်ကြားရေးစွမ်းရည်မြှင့်မားရေး ဆွေးနွေးပွဲသင်တန်းတွင် သင်တန်းတက်ရောက်ရန် မူလတန်းဘာသာရပ်သင်ဆရာ/မ(၃၅၃)ဦးစာရင်းရှိသည့်အနက် မူအုပ်၊ မူပြ၊ ဒုတိယမူပြ၊ လ/ထမူပြနှင့် အထွေထွေလုပ်သားများ..စုစုပေါင်း(၉၂)ဦးတို့က ဤမြို့နယ်သင်တန်းသို့ တက်ရောက်ခဲ့ကြပြီး၊ အခြားနီးစပ်ရာ မြို့နယ်သင်တန်းများသို့ ဆရာ/မ(၃၉)ဦးတက်ရောက်၍ နည်းပြဆရာ/မ (၁၃)ဦး၊ ကြီးကြပ်သူ(၅)ဦး…စုစုပေါင်း(၁၄၇)ဦး၊ တက်ရောက်ကြောင်းနှင့် ၂၀၂၃ခုနှစ်၊မတ်လ(၂၈ရက်မှ ၃၁ရက်အထိ) (၄)ရက်အကြာ ကာလအတွင်း မြို့နယ်အဆင့် နည်းပြဆရာ/မ(၁၃)ဦးတို့က ဆွေးနွေးသင်ကြားပေးကြပြီး အောင်မြင်စွာ ပြီးမြောက်ပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)