ထီးချိုင့်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ထီးချိုင့် ဧပြီ  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့တွင် ဘုရင့်နောင်ရပ်ကွက်ရှိကျောက်စေတီပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာ(၈၅)ပါး စာရင်းပေးသွင်းထားပြီး ရဟန်း၊ သာမဏေ၊ သီလရှင်(၇၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် (၁၁)ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာသို့ နာယကဆရာတော်များ ကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှု များပေးလျက်ရှိကြောင်းနှင့်စာမေးပွဲကို (၂၈-၃-၂၀၂၃)ရက်နေ့မှ (၄-၄-၂၀၂၃) ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။                       

ရဲလင်းထွန်း(ထီးချိုင့်)