မြောင်းမြမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်များအား စာရေးတံမဲဖောက်  လှူဒါန်းနိုင်‌ရေးအတွက် စာရေးတံမဲနှိုက် ကုသိုလ်ယူဆောင်ရွက်

မြောင်းမြ   ဧပြီ    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၈၆ ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲ‌ဖောက် လှူဒါန်းနိုင်ရေးအတွက် စာရေးတံ မဲနှိုက်ခြင်းကို ယမန်နေ့ နေ့လယ်  ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပါသည်။ မြောင်းမြမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘိုးဘွားကန်တော့ပွဲနှင့်   နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့်  မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ စာရေးတံမဲလှူဒါန်းခြင်းကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၄၀၀)ကို စာရေးတံမဲဖောက် လှူဒါန်းမည်ဖြစ်ကြာင်း သိရသည်။

ယခုနှစ်သည် ၈၆ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲ ဖြစ်ပြီး ကုသိုလ်ပါဝင် လှူဒါန်းလိုသူများအနေဖြင့် ဗဟိုဦးစီးကော်မတီတွင် ပါဝင်သော မြို့မိမြို့ဖများကို ဆက်သွယ်၍လည်းကောင်း၊ အလှူခံအဖွဲ့များတွင်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြောင်းမြ(ပြန်ဆက်)