ထားဝယ် ဧပြီ ၁
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၃)ဖြစ်ပြီး တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်နေသော အစည်းအဝေးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ အဆုံးအဖြတ်အနေဖြင့် (၁)ခုသာရှိပြီး တက်ရောက်လာသော ကော်မတီများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ကွင်းအမှတ်(၁၈-OSS)၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့်အပန်းဖြေစခန်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Co Co Light House Co., Ltd. က မူလ တည်ဆောက်ရေး/ ပြင်ဆင်မှုကာလအားတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)