ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပန်းဂေါ်ဖီများအရွယ်အစားပေါ်မူတည်၍ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင်   မတ်   ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေး ကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုး လုပ်ကိုင်ကြရာ ပန်းဂေါ်ဖီ အားစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင် လည်းကောင်း ၊ဉယျာဉ်ခြံများတွင် လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊  ပဲသီး၊  ခရမ်း၊  ဉမုန်လာ၊ ဆလပ်၊  ပန်းဂေါ်ဖီနှင့် အခြားဟင်းသီး ဟင်းရွက် မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ပန်းဂေါ်ဖီ  မျိုးစေ့များကိုကျဲပြီးမှ  အပင်ပေါက်များအား ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ အပွင့်များလှပစေရန်နှင့် ပိုးမွှားကျရောက်ခြင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ  ပက်ဖျန်းပေးခြင်းဖြင့်  စိုက်ပျိုးလျက်ရှိရာ ယခုအခါ ပန်းဂေါ်ဖီများ အရွယ်အစားပေါ်မူတည်၍  အပွင့်ကြီး တစ်ပွင့်လျှင် (၂၀၀၀)ကျပ်၊ အပွင့်အသေး တစ်ပွင့်လျှင် (၁၀၀၀)ကျပ်မှ  (၁၃၀၀)ကျပ် အထိ ဈေးကောင်းရရှိပြီး ထွက်ရှိသည့်အပွင့်များကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း စိုက်ပျိုးရေး တောင်သူတစ်ဦးထံမှ သိရသည်။    

ကေခိုင်ဝင်း(ပြန်/ဆက်)