အောင်လံမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ

အောင်လံ မတ် ၃၁

မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မတ်လ ၂၀ ရက်နေ့မှစတင်၍ မတ်လ ၃၀ ရက်နေ့အထိ နွေရာသီခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့နယ်ပန်းချီ၊ ပန်းပုအသင်းနှင့်ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလပြီးဆုံးသည့် ယနေ့နံနက် (၁၀)နာရီက နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပန်းချီ၊ ပန်းပုအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခင်ကျော်မှ ပန်းချီရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပန်းချီသင်တန်းမှ ထူးချွန်သူ ကျောင်းသား၊ ကျောင်းသူများအား ပထဆု၊ ဒုတိယဆု၊ တတိယဆုဖြင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းအားပြီးဆုံးသည်ထိ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြဆရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)