မော်လိုက်မြို့၌ ကျောင်းသားလူငယ်များအတွက် နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ဆောင်ရွက်

မော်လိုက် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌  ကျောင်းသား လူငယ်များအတွက် နွေရာသီအင်္ဂလိပ်စာ သင်တန်းကို မတ်လ ၁၃ မှ ဧပြီလ ၇ ရက်​​​​နေ့ထိ ချိန်မော်လိုက်ခရိုင်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မော်လိုက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်နိုင်ငံ တာဝန်များကို  ထမ်းဆောင် ရမည့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ (Grammar) ကို နားလည်ပြီး အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ အပြောစွမ်းရည်၊ နားထောင်စွမ်းရည်များ ပိုမိုတတ်ကျွမ်းနားလည် စေရန်၊  ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ များ ကြွယ်ဝပြီး ဉာဏ်ရည် ထက်မြက်လာစေရန်၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရှိလာစေပြီး အချိန်ကိုအကျိုး ရှိရှိ အသုံးချ တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်သည့် အင်္ဂလိပ်စာသင်တန်း (Basic English Grammar & Four Skills) ကို  တစ်ရက်လျှင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၁)နာရီအထိ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၆၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်၊၊

ခရိုင် (ပြန်/ဆက်)