အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး မြောင်းမြမြို့၌ ပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညို အလှူငွေများ ဆက်ကပ်လှူဒါန်း

မြောင်းမြ  မတ် ၃၁

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့နေ့လယ် ၁၂ နာရီတွင် ​ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့  စကြာသီဟ စကြာနန္ဒဘုရားရှိ ထွန်းညွန့်ရတနာ ဓမ္မာရုံတွင် ကျင်းပသော ပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ စာမေးပွဲ ကြီးကြပ်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ အလှူငွေများ ဆက်ကပ်လှုဒါန်းခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့တွင် စတင်ဖြေဆိုပြီး ယနေ့တွင် အကြီးတန်း စာဖြေသံဃာ​နှင့် သီလရှင် (၂၇)ပါး၊ အလတ်တန်းစာဖြေသံဃာနှင့်သီလရှင် (၁၃)ပါး၊ အငယ်တန်း စာဖြေသံဃာနှင့် သီလရှင် (၄၇)ပါး၊ အခြေပြုမူ စာဖြေသံဃာနှင့်သီလရှင် (၁၀၆)ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်အတူ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ညွန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊ သာသနာရေးဦးစီးဌာန၊ ဧရာဝတီတိုင်းညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့ လိုက်ပါ၍ သံဃာတော်များကို ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။

မြောင်းမြ(ပြန်/ဆက်)