အိမ်မဲ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးနော်ဝင်းတို့က အဖွင့်အမှာစကားနှင့် ငွေကြေးထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်မတ်လ အတွက်ကိုယ်ဝန်ဆောင်မိခင် (၁၉၂၉)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ် (၁၆၇၇)ဦး တို့အတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၅၄၀၉၀၀၀၀)ကျပ်အား တာဝန်ရှိသူ အသီးသီးက လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)