ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ဂန့်ဂေါ မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၊ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က   ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့် ကျောင်းသား/သူများအား ကျောင်းပိတ် ကာလနွေရာသီတွင်  အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ သာသနာတော်တည်တံ့ခိုင် မြဲရေးနှင့် ရည်မှန်းချက်ရှိရမည်စသည့် ကလေးသူငယ်အသိပညာပေးဗဟုသုတဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်နှင့် ဝန်ထမ်းများတို့က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင် (၆၅) စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)