အင်္ဂပူ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊မေတ္တာကုန်းကျေးရွာအုပ်စု၊ တောင်စိန် (အရှေ့) ကျေးရွာ၊ ကရင်ဘုရားကျောင်း၌ ယမန်နေ့ နေ့လယ် ၁၂ နာရီ၃၀မိနစ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့်ပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လှိုင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွန်းက မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုဆိုင်ရာများအားရှင်း လင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ချက်များ အားရှင်းလင်းပြောကြားခဲ့ကြောင်း သိသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေရွာပြည်သူများ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)