ကော့သောင်းမြို့တွင် အခြေခံထိုင်းဘာသာစကားသင်တန်းဖွင့်လှစ်သင်ကြား

ကော့သောင်း မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community  Centre) ခန်းမတွင် အခြေခံထိုင်းဘာသာ စကားသင်တန်းကို မတ်လ၂၄ရက်နေ့မှမတ်လ၂၈ရက်နေ့ထိအခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ထိုင်းဘာသာစကားသင်တန်းနည်းပြဆရာမတစ်ဦးက တစ်နေ့လျှင် စာသင်ချိန် (၂)နာရီခန့်လာရောက် သင်ကြားပေးခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူလူငယ်လူရွယ် (၁၂)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့်အလျောက်  ဒေသခံပြည်သူများအနေဖြင့် ထိုင်းဘာသာစကားကို အခြေခံနား လည် တတ်မြောက်ထားရှိရန်လိုအပ်သဖြင့် အဆိုပါ သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)