ဖား​ဆောင်းမြို့တွင် မဟာသင်္ကြန်ပွဲ​တော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး​ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဖား​ဆောင်း မတ် ၃၁

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်​ကျေးမှု မဟာသင်္ကြန်ပွဲ​တော်ကို ဖား​ဆောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကား​ပြောကြားရာတွင် ယ​နေ့ပြုလုပ်သည့်အစည်းအ​ဝေးသည် မိမိတို့မြို့တွင် သင်္ကြန်ပွဲ​တော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေးအစည်း​အဝေးဖြစ်​ကြောင်း၊ ယိမ်းအကများနှင့်​ဖျော်​ဖြေခြင်းဖြင့် ကျင်းပသွားမည်ဖြစ်​ကြောင်း၊ ကျင်းပ​ရေးကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီးဖြစ်​ကြောင်း၊​ ပွဲ​တော်​​အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ​ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြ​စေလို​ကြောင်း ရှင်းလင်း​ပြောကြားသည်။

ထို့​နောက် အစည်းအ​ဝေးတက်​ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု​ဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးမှနိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

ဖား​ဆောင်းမြို့တွင် ကျင်းပမည့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ​တော်တွင် ယိမ်းအကများနှင့်​ဖျော်​ဖြေပြီး​ နေ့စဥ်စတုဒီတာများဖြင့်​​ ကျွေး​မွေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်​​နေ့တွင် သက်ကြီးဘိုးဘွားပူ​ဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)