လိပ်သိုမြို့၌ စာပေဗဟုသုတကြွယ်၀စေရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

လိပ်သို  မတ်  ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်၀စေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်နှင့် စာဖတ်ပရိသတ်များ အဆင်ပြေစေရန် အတွက်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/စာစောင်များကို စာဖတ်ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ် (၃) ရပ်ကွက်သို့ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များ၊ ဝတ္တု၊ ပုံပြင်စာအုပ်များ၊ ကျန်းမာရေးစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များကို  ငှားရမ်းပေးခြင်းဖြစ်သည်။ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများစာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် တစ်လလျှင်သုံးကြိမ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)