ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ် တကျငှားရမ်းပေး

ကြာအင်းဆိပ်ကြီး  မတ် ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက် သည်များကို သိရှိနားလည်နိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်၊ စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ် စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များအား အခမဲ့ စနစ်တကျငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မဈေးအတွင်းသို့သွားရောက်ပြီး စာဖတ်စာငှား စာပေ ဝါသနာရှင် ဈေးသူ၊ဈေးသားများအား ယခင်က ငှားရမ်းဖတ်ရှုထားသည့် စာအုပ်စာစောင်များအား ပြန်လည်အပ်နှံ‌စေပြီး၎င်းတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတရသစာအုပ် စာစောင်များအား (၇)ရက် ရက်သတ္တပတ်အကြာပြန်လည်၍ စနစ်တကျ အခမဲ့စနစ်တကျ ပြန်လည်ငှားရမ်းပေး ခဲ့ကြောင်းသိရသည်။

စာဖတ် စာငှား စာ‌ပေဝါသနာရှင် မိဘပြည်သူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌အပတ်စဉ် တနင်္လာနေ့မှစနေနေ့အထိ နံနက် ၉နာရီခွဲအချိန်မှ ညနေ ၄နာရီခွဲအချိန်အထိလာရောက် လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှုငှားရမ်းလိုသည့် သုတရသစာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)