မယ်စဲ့ မတ် ၃၁
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုမဖြစ်ပွားစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်န်က မြို့လယ်လမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများအား ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ကြရန်၊ မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် အသက်ကယ်ခါးပတ်ပတ်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့ကို အလေးထားလိုက်နာကြရန် အသိပေးပြောကြားပြီး နယ်မြေလုံခြုံရေးအတွက် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား ရှေင်တခင် ရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းသွားလမ်းလာပြည်သူများ ယာဉ်စမ်းကမ်း၊ လမ်းစည်းကမ်း သိရှိမှုလိုက်နာခြင်းဖြင့် အသက်အန္တရာယ်ထိခိုက်မှုများ လျော့နည်းစေရန်ရည်ရွယ်၍ ယာဉ်စမ်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန်းဇော်ဌေးက ပြောကြားသည်။
ဝတ်ရည်(မယ်စဲ့)