စလင်း မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းဆရာ/ကျောင်းဆရာမများအား မူလတန်းဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပို့ချခြင်းကို စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အခြေခံပညာမူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားဆရာ/ဆရာမ စုစုပေါင်း (၁၂၇၀) ဦး၊ သင်တန်းနည်းပြဆရာ (၄၄) ဦး၊ သင်တန်းသားဆရာ/ဆရာမ (၁၂၂၆) ဦးတို့ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းတွင် ဆွေးနွေးပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၂၈) ရက်မှ မတ်လ (၃၁) ရက်အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးထံမှ သိရှိရသည်။
မြို့နယ်