လဟယ် မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် လဟယ်မြို့အထက်တန်း ကျောင်း ချယ်ရီမြိုင် ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ဦးနေမင်းသူက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်းမြှင့်သင်တန်း ဆွေးနွေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်သင်ကြားခြင်းကို သရုပ်ဖော် သင်ပြပြီး ဘာသာရပ်အလိုက် စွမ်းရည်မြှင့် သရုပ်ပြသင်ကြားခြင်းကို အကဲဖြတ်အဖွဲ့က သုံးသပ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲတွင် ထူးချွန်ဆုရရှိကြသော အဖွဲ့များအား ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများက မြတ်ဆရာ သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ဦးနေမင်သူနှင့် အဖွဲ့ဝင်များ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ သင်တန်းနည်းပြဆရာ/မများ (၃၃၆)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
(မြို့နယ် ပြန်/ဆက်)