မုံရွာမြို့တွင် မူလတန်းကြိုကျောင်း ပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

မုံရွာ မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မုံရွာ မူလတန်းကြိုကျောင်း၏ မူလတန်းကြိုပြီးမြောက်ကြောင်း ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က   မုံရွာ မူလတန်းကြိုကျောင်းတွင် ပညာသင်ယူလျက်ရှိသော  ရင်သွေးငယ်များနှင့် မိဘများအား ကျေးဇူးတင်အားပေး အမှာစကားပြောကြားပြီးနောက် မုံရွာမူလတန်း ကြိုကျောင်းတွင် တက်ရောက်ခဲ့သော မူလတန်းကြိုပြီးမြောက်အောင်မြင်သည့်  သားငယ်/သမီးငယ် ၃၅ ဦးတို့အား မူလတန်းကြိုပြီး မြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မူလတန်းကြိုကျောင်းမှ သမီးငယ်လေးတစ်ဦးက မူလတန်းကြိုပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများက ရင်သွေးငယ်လေးများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး မုံရွာ မူလတန်းကြိုကျောင်းရှိ သားငယ်၊သမီးငယ်လေးများ၏ တေးသီချင်းသရုပ်‌ ဖော်များဖြင့် ကပြဖျော်ဖြေမှုတို့ကို တက်‌ရောက်လာကြ သော တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မုံရွာ မူလတန်းကြိုကျောင်းတွင် ယခုပညာသင်နှစ်တွင် ရင်သွေးငယ် ၂၅၀ တက်ရောက်ခဲ့ရှိကြောင်း သိရှိရပြီး မူလတန်းကြို ပြီးမြောက်သူ ၃၅ ဦးအား ပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)