ဟုမ္မလင်း မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူး ဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား အာဟာရဒါန ကြက်သားဆန်ပြုတ် တိုက်ကျွေးပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင် ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၇၃)ဦးအား အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)