လပွတ္တာ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ရတနာဒီပ အားကစားကွင်း အတွင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေး အသိပညာပေးခြင်း လုပ်ငန်းများအနေဖြင့် မီးလောင်မှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေ ဆုံးရှုံးမှုများအား လျော့နည်းသွားစေရန်၊ လုပ်သားပြည်သူများနှင့် ဝန်ထမ်းတိုင်းအရေးပေါ် မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေး မိမိကိုယ်တိုင် အရေးပေါ် မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြရာတွင် အောက်ဆီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ထော်လီမီးသတ်ဆေးအသုံးပြုခြင်း၊ ဂတ်စ်အိုးအသုံးပြုခြင်းနှင့် ဆီမီးလောင်းမှုအား မီးသတ်ယာဉ်များဖြင့် လက်တွေ့သရုပ်ခဲ့သည်။
ထို့နောက် မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများမှ ဇာတ်တိုက် သရုပ်ပြခြင်း များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာပြန်/ဆက်