ပဲခူးမြို့တွင် အမျိုးသား​ဆေးဝါးဥပ​ဒေ၊​ ကောင်းမွန်​သော​ဆေးဝါး​ရောင်းချမှုကျင့်စဥ် သိ​ကောင်းစရာများ အသိပညာမြှင့်တင်ခြင်း သင်တန်းကျင်းပ                                                        

ပဲခူး  မတ်  ၃၁

ပဲခူးမြို့ရှိ လက်လီ/လက်ကား ​ဆေးဝါး​ရောင်းချသည့်​ ဆေးဆိုင်ပိုင်ရှင်များအား အမျိုးသား​ဆေးဝါး ဥပ​ဒေ၊ ကောင်းမွန်​သော ​ဆေးဝါး​ရောင်းချမှုကျင့်စဥ်နှင့် ကောင်းမွန်သောဆေးဝါး သို​လှောင်မှု ကျင့်စဥ်တို့၏သိကောင်းစရာများ အသိပညာမြှင့်တင်ခြင်းသင်တန်းကို ယ​မန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအ​သောက်နှင့်​ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတိုင်း​ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး​ ဒေါက်တာ​အေး​အေးငြိမ်းက ကိုဗစ်ကာလအတွင်း​ ဒေသခံလူထုအ​ရေး​ပေါ် လိုအပ်​သော​ဆေးဝါးများကို သင့်​တော်​သော​စျေးနှုန်းဖြင့် မပြတ်မလပ်ရောင်းချ​ပေးခဲ့သည့်​ ဆေးဆိုင်များအား အသိအမှတ် ပြုပါ​ကြောင်း၊ ယနေ့ကာလမှာ ကိုဗစ်ကာလအတွင်း​ ဖြေ​လျှော့မှု​တွေကို အခွင့်​ကောင်းယူပြီး​ ဆေးဝါးနှင့် ဆေးပစ္စည်း​တွေ တရားမဝင် တင်သွင်းလာတာ​တွေ့ရပါ​ကြောင်း၊ Online မီဒီယာများမှလည်း တရားမဝင်ကြေညာ​ရောင်းချ​နေတာ​တွေ့ရှိလာ​ကြောင်း၊ ဒါ​တွေဟာ ​ဘေးထွက်ဆိုးကျိုး​တွေ အများကြီးရှိနိုင်ကြောင်း၊​ ဆေးဆိုင်များအ​နေဖြင့် မြန်မာနိုင်ငံ​ဆေးဝါးမှတ်ပုံတင် အမှတ်ပါရှိသည့်၊ အရည်အ​သွေးပြည့်မီ​သော​ ဆေးဝါးများကိုသာ ရောင်းချ​ကြရန် ပြောကြားခဲ့သည်။

ထို့​နောက် ပဲခူးတိုင်း​ဒေသကြီး အစားအ​သောက်နှင့်​ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဒုကြီးကြပ်​ရေးမှူးတို့က အမျိုးသား​ဆေးဝါးဥပ​ဒေ၊​ ကောင်းမွန်​သော​ဆေးဝါး​ရောင်းချမှုကျင့်စဥ်၊ ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဉ်နှင့်ပတ်သက်သည့် သိကောင်းစရာများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအသိပညာမြှင့်တင်ခြင်း သင်တန်းသို့ ပဲခူးမြို့ရှိ ဆေးဆိုင်ပိုင်ရှင်(၃၃)ဦး တက်ရောက်ခဲ့ကြပြီး မိမိတို့သိရှိလိုသည်များ​အား ဆွေး​နွေး​မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့​ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)