ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

ဘိုကလေး မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအား ယနေ့ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ် ပို့ချဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သင်တန်းသို့ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၆)အုပ်စုမှ အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၁၇၂)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သိန်းထွေးမွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဉပဒေ၊ နည်းဉပဒေများ၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား အကျယ်တဝင့် ရှင်လင်း ဆွေးနွေး သင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)