ရွှေတောင်မြို့နယ်တွင် ကျွဲ၊ နွားများ ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံပေး

ရွှေတောင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတွင် ယမန်နေ့နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာအုပ်စု၊ ဖောင်းဖြူကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် ကျွဲ၊ နွား များအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ရေးအသိပညာဟောပြောပွဲနှင့် ကာကွယ်ဆေးများ ကို ပွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ‌အေးချမ်းဝင်းက ရွှေတောင်မြို့နယ်တွင် မွေးမြူထားရှိတဲ့ ဒေသကျွဲ၊ နွားများကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားပါက ဆောင်ရွက်ရမည့် အစီအမံများနှင့် ဆောင်ရန်၊ ရှောင်ရန်နှင့် ဆက်သွယ်ရမည့် နည်းလမ်းများကို ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာများတွင် မွေးမြူထားသော ကျွဲ၊ နွားများကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ထိုးနှံပေးခဲ့သည်။ ဆက်လက်၍ ကျေးရွာများရှိ တိုင်းရင်းကြက် (ဒေသကြက်)များကို I2 ကြက်လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်းခပ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)