ညောင်လေးပင်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ညောင်လေးပင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအားကစားစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာအားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသောသင်တန်းသူ၊ သင်တန်းသားများမှ ကရာတေးဒို သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုသရုပ်ပြခြင်း၊ Fitness Dance သရုပ်ပြခြင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူ၊ သင်တန်းသားများ၏မိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်