မြို့သစ်မြို့နယ်တွင် ပြည်သူများ စားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

မြို့သစ်  မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက မြို့သစ်မြို့ မြို့မစျေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်မျိုးစုံဆိုင်များမှ အစားအသောက်နမူနာ (၂၈) မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ အဆိုပါနမူနာ (၂၈)မျိုးအနက် (၄)မျိုးတွင် Benzoic Acld Sodlum Cyclamate သတ် မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)