အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်‌ကျင်းပ

အောင်လံ မတ် ၃၁

မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို  တတိယနေ့အဖြစ် ယမန်နေ့မွန်းလွဲ ၁၂ နာရီကစမ်းချောင်းရပ်ကွက် အ.ထ.က(၁) ရွှေရတုခန်းမတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့ ဖြေဆိုခဲ့ကြသည်။

အဆိုပါ စာမေးပွဲတွင် တတိယနေ့အဖြစ် အဘိဓမ္မတ္တသင်္ဂဟ ဘာသာရပ်အား ဆက်လက်ဖြေဆိုရာ ပထမကြီးတန်း စာရင်းရှိ ရဟန်း (၁၄) ပါးနှင့် သီလရှင်(၂)ပါး စုစုပေါင်း (၁၆)ပါးရှိပြီး ပျက်ကွက်(၅)ပါး၊ ပထမလတ်တန်းတွင်   စာရင်းရှိ (၃)ပါး၊ ဖြေဆို(၁)ပါး၊ ပျက်ကွက်(၂)ပါး၊ ပထမငယ်တန်းတွင် စာရင်းရှိ (၄၇)ပါး ဖြေဆို(၃၇)ပါး၊ ပျက်ကွက်(၁၀)ပါး၊ အခြေပြုမူလတန်းတွင်စာရင်းရှိ (၄၆)ပါး၊ ဖြေဆို(၃၈)ပါး၊ ပျက်ကွက်(၈)ပါးတို့ဖြစ်ပြီး စုစုပေါင်း စာရင်းရှိ(၁၁၂)ပါး၊ ဖြေဆို (၈၇)ပါး ၊ပျက်ကွက် (၂၅)ပါးရှိကာ စာမေးပွဲကာလမှာ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)