တနင်္သာရီ မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် လေသာစေတီတော်မြတ်ကြီးနှင့်ရွှေဘုန်းပွင့် စေတီတော်တို့အား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူ ပူဇော်နိုင်အတွက် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၏ မတည်လှူဒါန်းငွေ ကျပ်သိန်း(၅၀)နှင့်အတူ (၇)ရက်သား/သမီးအပေါင်းတို့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် (၁၅-၃-၂၀၂၃)ရက်နေ့မှစ၍ လုပ် ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါစေတီတစ်ခုလုံး၏ ရွှေသင်္ကန်းကပ်လှူပူဇော်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၎င်းလေသာစေတီတော်မြတ်သည် တနင်္သာရီမြို့-ချောင်းကြီးရပ်ကွက် ရုံးတောင်လမ်းနံဘေး လေသာတောင်ပေါ်တွင်တည်ရှိပြီး၊ သက္ကရာဇ် (၇၄၃)ခုနှစ်၊ ဘာဟိကရာဇာဘုရင်၏ညီတော် မဟာသီရီဇေယျာနှင့် ဟင်္သာမယ်တို့မှ တနင်္သာရီမြစ်ဆုံ နဂါးမော်အငူတောင်ပေါ်တွင် ဘုရား ရှင်၏ ဗုဒ္ဓသရီရ ဓါတ်တော်မွေတော်များ၊ ရဟန်းတာတို့၏ဂါထာတော်များ၊ ပတ္တမြား၊ မြစသည့် ရတနာများဖြင့် စီချယ်ထားသော ရွှေအုတ်၊ငွေအုတ်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်ဖြစ်ရာ နှစ်ပေါင်း(၅၄၀)ကျော်ရှိပြီဖြစ်ပါသည်။ ၎င်းစေတီတော်အား တနင်္သာရီနန်းတွင်း လေသာပြူတင်းပေါက်မှ ဖူးမြင်နိုင်သောကြောင့် လေသာစေတီတော်ဟု အမည်တွင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ လေ့လာသိရသည်။
ယခုလက်ရှိတွင် လေသာစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ဃန်းကပ်လှူခြင်း၊ စေတီ ၏မုခ်ခွင်(၄)ခုအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအားရွှေချခြင်း၊ စေတီနှင့်တွဲလျက်ဓမ္မာရုံ အဆောင်ဦအား ဆေးမွမ်းမံခြင်း၊ ရွှေဘုန်းပွင့်စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များကို လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရှင်သီဝလိမထေရ်နှင့် ရှင်ဥပဂုတ္တမထေရ်အားရွှေချခြင်းနှင့် ကျောင်းဆောင်ကိုဆေးခြယ်ပေးခြင်း၊ နဂါးရုံ ဘုရားအား ရွှေချ၍ ဆေးခြယ်မွမ်းမံရေဖြည့်ခြင်း၊ ဝဋ်ကြွေးတော်ပြေနဂါးရုံဘုရားအား ရွှေချ၍ ရေကန်ရေဖြည့်ပေးခြင်း၊ ကြေးခေါင်း လောင်းတိုင်နှင့်တံ ခွန်တိုင်တို့ကိုဆေးချယ်မွမ်းမံခြင်း၊ မှတ်တမ်းလွှာနှင့် ကဗ္ဗည်းကျောက်စာများအား ပြုပြင်မွမ်းမံခြင်း၊ မဟာဗောဓိညောင်ပင်အောက်ရှိ ဗုဒ္ဓရုပ်ပွားတော်အားရွှေချခြင်း၊ ဓမ္မာရုံကြီး အတွင်းရှိ ရုပ်ပွါးတော်များကို ရွှေသင်္ဃန်းကပ်လှူပြီး ဓမ္မာရုံကြီးကို မျက်နှာကျက်တပ်ဆင်ပေးခြင်း၊ လေသာဘုရားမုခ်ဦးအတွင်း/အပြင်ကို ဆေးခြယ်မွမ်းမံခြင်းနှင့် ဘုရားတော်တက် လှေကားထစ်များကို ရေညှိတိုက်ချွတ်ခြင်း…စသည့် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ရာ အလှူရှင်များအားလုံး သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် ဘုရားအနေက ဇာတင်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံးအတွက် စုစု ပေါင်းကုန်ကျငွေမှာ ကျပ်(၉၄)သိန်းဖြစ်ကြောင်း အကျိုးတော်ဆောင် အလှူခံအဖွဲ့မှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)