ကလေး မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆရာ ဦးသန်းလွင်(အ.ထ.ပြ)မှ ယနေ့ခေတ်တွင် အင်္ဂလိပ်စာ၏ အရေးကြီးမှုများ၊ အသုံးဝင်ပုံများနှင့် ရှေ့ဆက်ကြိုးစားလေ့လာကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် အခြေခံအင်္ဂလိပ်သဒ္ဒါ(Grammar)သင်တန်းတွင် ထူးချွန်ဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို မတ်လ ၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လေ့ကျင့် သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေးဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများနှင့် သင်တန်းများကို အပတ်စဉ် ကျင်းပလျှက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)