ကော့ကရိတ်မြို့၌  ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ ဖြေဆို

ကော့ကရိတ် မတ် ၃၀

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အမှတ်(၆)ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ မတ်လ(၂၈)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ရဟန်း၊ သံဃာ၊ သီလရှင်၊ လူစုစုပေါင်း( ၂၄၂)ပါးဖြေဆိုခဲ့ကြောင်း သိရသည်။

စာမေးပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာရင်းသွင်းဖြေဆိုမည့်  သံဃာ၊သီလရှင် လူစုစုပေါင်း ( ၃၂၇ )ပါးရှိသည့်အနက် ပထမကြီးတန်းတွင် သံဃာ ၊သီလရှင် ( ၁၂ )ပါး၊ ပထမလတ်တန်းတွင် သံဃာ ၊ သီလရှင်၊ လူ(၃၆)ပါး၊ ပထမငယ်တန်းတွင် သံဃာ၊သီလရှင်၊လူ (  ၅၃ )ပါး၊ အခြေပြု မူလတန်းတွင် သံဃာ ၊ သီလရှင်၊လူ ( ၁၄၁)ပါး၊ စုစုပေါင်း(၂၄၂ )ပါးတို့မှ ဖြေဆိုခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ် အ‌စိုးရပါဠိပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းသာမဏေများ၊ သီလရှင်၊ လူများနှင့် နာယကဆရာတော်များ စာမေးပွဲကြီးကြပ် ဆရာတော်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်စေရေးနှင့် ဆွမ်းဝေယျာဝစ္စ ကိစ္စအရပ်ရပ်များအား အဆင်ပြေစွာသုံးဆောင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဦးဆောင်စီမံဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိ ကာမ အလှူရှင်များမှ နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းနှင့် စာမေးပွဲကို မတ်လ (၂၈)ရက်နေ့မှဧပြီလ (၃) ရက်နေ့အထိ မွန်းတည့်၁၂နာရီမှညနေ၃နာရီထိ ဖြေဆိုကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)