ပန်းတနော်မြို့နယ်တွင် ပခန်းရွှေဝါမျိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ

ပန်းတနော် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပခန်းရွှေဝါမျိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျုံတုံးကြီး ကျေးရွာအုပ်စု တောင်သူ ဦးသန်းဇော်၏ ကွင်းအမှတ် (၅၃၄/က)၊ ဦးပိုင်အမှတ် (N/ ၆) လယ်ယာမြေ (၃.၉၃) ဧကတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီး​​ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီး​​ကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ကျုံတုံးကြီးကျေးရွာအုပ်စု တောင်သူဦးသန်းဇော်၏ လယ်ယာမြေစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင်စပါး (၁၂၄) တင်းထွက်ရှိကြောင်း သိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီး​​ကြပ်မှုကော်မတီအဖွဲ့ဝင်များက ဒေသခံတောင်သူများအား သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး စသည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)