မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြံခင်းမြို့နယ်အတွင်း အစိုးရပါဠိ ပထမပြန် စာမေးပွဲကျင်းပခြင်းနှင့် အခြေခံ ပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအား ကြည့်ရှုအားပေး

ကြံခင်း မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက ကြံခင်းမြို့နယ်အတွင်း  ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပခြင်းနှင့် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်သင်ကြားနေခြင်းတို့အား  ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျင်းပပြုလုပ်သောနေရာများသို့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်ကျော်တို့က  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များနှင့် အတူ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရာ ရွှေညောင်ပင်ကျောင်း ပညာ ဆီမီးဓမ္မာရုံသို့  ရောက်ရှိလာပြီ စာဖြေသံဃာများ (ဒုတိယနေ့) ဖြေဆိုနေခြင်းကို  ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ကြံခင်းမြို့ (အထက-၁)သို့ သွားရောက်ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းမင်းခိုင် နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ၂၀၂၃ ခုနှစ်၊ အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်ကြားနေခြင်းကြည့်ရှုပြီး သင်တန်းသား ဆရာ/ဆရာမများးနှင့်  တွေ့ဆုံ ကာ လိုအပ်သည်များ ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)