မအူပင်မြို့တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

မအူပင် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပသည်။

အစိုးရပါဠိပထမပြန် စာမေးပွဲတွင် မအူပင်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်တော်ကြီးကျောင်းများမှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့တွင် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၉၁ ပါးဖြေဆိုကြ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် ဩဝါဒစရိယ ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များက ကြီးကြပ်လျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ၇ ရက် ကြာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် စာဖြေသံဃာတော်များအား အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်ခြင်း၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)