ပေါက်ခေါင်း မတ် ၃၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် သက်တမ်းကုန်သည့်အသင်းအဖွဲ့များ မှတ်ပုံတင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က သက်တမ်းကုန်သည့်အသင်းအဖွဲ့များမှ မှတ်ပုံတင်လျောက်ထားရန် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့သို့ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားသော ပြည်တွင်းအသင်းအဖွဲ့အား ယာယီမှတ်ပုံတင်လက်မှတ်ထုတ်ပေးပြီးနောက် လျှောက်ထားမှုအပေါ် သတ်မှတ်ချက်များနှင့်အညီ စိစစ်ရမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မှတ်ပုံတင်လျှောက်ထားရမည့်အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသောအသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သည့်လုပ်ငန်းနယ်ပယ်၊ မှတ်ပုံတင်လျှောက်ထားရတွင် သတိပြုရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းအတွက် ကာလသတ်မှတ်ချက်များနှင့်အသင်းအဖွဲ့၏ အမည်၊ တည်နေရာနှင့်စတင်တည်ထောင်သည့်နေ့၊ ရည်ရွယ်ချက်လုပ်ငန်းစဉ်များနှင့် တည်ဆဲဥပဒေပါပြဌာန်းချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာအသင်းအဖွဲ့များ၏ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်ပက်သက်၍ အသီးသီးအကြံပြုဆွေးနွေးခဲ့ ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)