ကလိန်အောင် မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များ၌ ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စေရန်နှင့် ဉာဏ်ပညာတိုးတက်မြင့်မားစေရန်စာကြည့်တိုက်ကို အသုံးပြုပြီးအတွေးအခေါ်များရင့်သန်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပူးပေါင်းတီထွင်လုပ်ကိုင်တက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာယနေ့ နံနက် (၁၀)နာရီက မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေး စာဖတ်ခန်း၌ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်သူများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်တွင် ပျော်ရွှင်စေရန်၊ ဉာဏ်ပညာများ တိုးတက်မြင့်မားစေရေးအတွက် ပုံတူဆွဲ ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ စသည့်အစီအစဥ်များ ကျင်းပပေးခြင်းဖြင့် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လုပ် ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ခင်ခင်လဲ့(ကလိန်အောင်)