ရေဖြူ မတ် ၃၀
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက် ၁၀ နာရီတွင် ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က ယခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ် တင်ပြပေးကြရန်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများဘေးအန္တရာယ် ကင်းရှင်းပြီးပျော်ရွှင်ချမ်းမြေ့ စိတ် လက်ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်အတွက် တက်ရောက်လာသူများအနေဖြင့် အများပြည်သူစိတ် အပန်းဖြေနိုင်စေရန်နှင့်စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက်စုပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေးအလေး ထားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသောကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကစိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ သက်ကြီးဘိုးဘွား ပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ် တရားတော် ရွတ်ဖတ်ပွဲကျင်းပရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခတ္တာ