လှိုင်းဘွဲ မတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ဆရာမများအား Grade(5) အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းကိုသင်တန်းနည်းပြဆရာ၊ဆရာမများနှင့်အတူ သင်တန်းသားဆရာ၊ဆရာမများက အပြန်အလှန်မေးမြန်းဆွေးနွေးသင်ကြားခြင်း သင်ခန်းစာကို လေ့ကျင့်နေလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် မူလတန်းအဆင့် Grade(5) ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာဘာသာရပ်ကိုဖြေဆိုကြရာတွင် ရေးဖြေအမှတ်များအပြင်၊ လက်တွေ့နုတ် ဖြေအမှတ်များပေးနိုင်စေရေးကိုရည်ရွယ်၍ လေ့ကျင့်သင်ကြား ဆွေးနွေးလျက်ရှိကြကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ဆရာမ(၂၄၅)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၌ ဆရာ၊ ဆရာမ(၂၄၃)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(ပိုင်ကျုံ)၌ ဆရာ၊ဆရာမ(၂၁၂)ဦး စုစုပေါင်း ဆရာ၊ဆရာမ(၇၀၀)ဦးတို့ကို သင်တန်းနည်းပြဆရာ၊ဆရာမ (၂၆)ဦးဖြင့်မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ (၄)ရက်ကြာ ဆွေးနွေးသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)