သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

သာပေါင်း မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကို မတ်လ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်မှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့်​ ပတ်သက်၍ သတိပြုရမည့်အချက်များဖြစ်သည့် ဓာတ်အား လိုင်းကြိုးများ ပြုတ်ကျခြင်း၊ လျော့ကျနေခြင်း ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်သစ်ကိုင်း များ လဲကျကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျခြင်း၊ ပြုတ်ကျခြင်းများ ရှိပါက လျှပ်စစ်ရုံးသို့ အကြောင်းကြားရန်၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများအား ရေစိုလက်၊ ရေစိုအဝတ်၊ ရေစိုခန္ဓာကိုယ် ရေစိုအဝတ် ဝတ်၍ ကိုင်တွယ်ခြင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေးများ နှင့် လက်လှမ်းမမီသော နေရာတွင် တပ်ဆင်အသုံးပြုရန်၊နေအိမ်ရှိ လျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်နက် အသုံးပြုခြင်းမှ ရှောင်ရှားရန်၊ ဓာတ်အားလိုင်းအနီး (သို့မဟုတ်) ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်လှဲခြင်းကို လျှပ်စစ်ဌာန၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြု​လုပ်ရန်၊ ဓာတ်လိုက်မှု အန္တရာယ်ရှိနိုင်သဖြင့် နေအိမ်၊ ဝင်းခြံစည်းရိုး၊ သံပန်း၊ သံတံခါး၊ သံဇကာများတွင် မီးကြိုးများ သွယ်တန်းချည်နှောင်ထားခြင်း မပြု​လုပ်ရန်၊ ဓာတ်လိုက်နေသူအား တွေ့ရှိပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်