လိပ်သိုဒေသတွင် သက်ငယ်အမိုးများ ပြန်လည်အသုံးပြုလာ

လိပ်သို  မတ်   ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့မှ ဒေသခံများမှာ သက်ငယ်အမိုးများ ပြန်လည်အသုံးပြုလာလျက်ရှိကြောင်း သိရသည်။

ဒေသနေကျေးရွာအချို့ရှိ ပြည်သူများမှာ ယခင်ကာလများက အမိုးအကာများအတွက် ဝါးဖြင့် ပြုလုပ်သော အမိုးအကာများ၊ သက်ငယ်ဖြင့် ပြုလုပ်သော အမိုးအကာများကို အဓိကထား အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် သွပ်များကိုသာ ရာနှုန်းပြည့် အသုံးပြုလာကြသည်။

ယခုအခါ ရာသီဥတုပြောင်းလဲလာမှုကြောင့် မိမိတို့၏ အဆောက်အဦအတွင်း အပူအအေးမျှတရန် သက်ငယ်များကို ပြန်လည်အသုံးပြုလာကြသည်။ ဒေသခံအချို့ မိသားစုများမှာ ဝါးဖြင့် ပြုလုပ်ထားသော အမိုးအကာများရှားပါးလာ၍ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိသော သက်ငယ်များကို လိုက်လံရိတ်သိမ်းပြီး အမိုးအကာများ ပြုလုပ်၍ ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)