ရွှေသောင်ယံ မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာ သာသနာ့ဓမ္မရက္ခိတကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက်(၁၀)နာရီ (၃၀)အချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်၍ ဒေသလိုအပ်ချက်များကိုဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံရေးစစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး(၅)ကြောင်းရှိ ဌာနဆိုင်ရာအကြီးအကဲများမှ ကဏ္ဍအလိုက် ဆွေးနွေးကြရာ ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူးမှ ဒေသတွင်းလုံခြုံးရေး၊ တရားဉပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အချက်အလက်များ ကိုဗစ်(၁၉)ကာကွယ်ဆေးများ ထိုးနှံရေးနှင့်ကျန်းမာရေးဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ၊ သန့်ရှင်းရေးပိုင်းဆိုင်ရာများတို့ကို ပြောကြားပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ပြည်သူများအား ချပြဆွေးနွေးခဲ့ကြသည်။
ထို့နောက်ပြည်သူများမှ တင်ပြလာသည့် လိုအပ်ချက်များအပေါ် ချက်ချင်းညှိနှိုင်း ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးကာ၊ ချက်ချင်းဆောင်ရွက်မပေးနိုင်သည်များရှိပါက မှတ်သားထား၍ ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)