​ရွှေဘိုမြို့၌ "(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

​ရွှေဘို မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့၊ အမှတ်(၂) အ​ခြေခံပညာ အထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်​မြောက် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ​ကျောင်းသား၊ ​ကျောင်းသူ​လေးများက "မူးယစ်ဆေးရန်ဒို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံ့အတွက်"၊ "မူယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ"၊ "ငါတို့ရဲ့အနာဂတ် သာယာလှပဖို့ မူးယစ်ကင်းစင် ကမ္ဘာဖန်တီးစို့"၊ "မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့"၊ "လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ" ၊"လူသားခြင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့" စသည့် ခေါင်းစဉ်အသီးသီးဖြင့် ကွန်ပျူတာပန်းချီပြိုင်ပွဲဝင်(၂)ဦး၊ ပန်းချီပြိုင်ပွဲဝင် (၂၈၊)ဦးနှင့် ကာတွန်းပြိုင်ပွဲဝင် (၁၇)ဦးပိုစတာပြိုင်ပွဲဝင်(၅)ဦး စုစုပေါင်း ပြိုင်ပွဲဝင်(၅၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာ​ရေးမှူးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ​ကျောင်းအုပ်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆရာ/ဆရာမများက ပြိုင်ပွဲဝင်များအား ကြီးကြပ်ခဲ့ကြောင်း သိရသည်။​

ခရိုင် (ပြန်/ဆက်)