ကန်ကြီးထောင့် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ မူလတန်းပြဆရာ ဆရာမများအား၊ မူလတန်းအဆင့် အခြေခံပညာဘာသာရပ် စွမ်းရည်မြင့်အလုပ်ရုံဆွေးနွေးပွဲအား အ.ထ.က(၁)မြို့မ အထက်တန်းကျောင်းတွင် မတ်လ ၂၈ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့အထိ (၃)ရက်မြောက်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စွမ်းရည်မြင့်ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအား ကျောင်းနေစအရွယ်ကလေးများ ကျောင်းနေပျော်၍ မူလတန်းစာများ ပိုမိုထိရောက်သည့် သင်ကြားပို့ချမှုပုံစံဖြင့် သင်ကြားနိုင်ရန်ရည်ရွယ်ပြီး မူလတန်းဘာသာရပ် စွမ်းရည်မြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် နည်းပြဆရာ(၆၀)ဦးတို့မှ သက်ဆိုင်သောဘာသာရပ်များကို သင်ကြားဆွေးနွေးလျှက်ရှိရာ အခြေခံပမူလတန်း(၁၄၈)ကျောင်းမှ တက်ရောက်သူ သင်တန်းသင်တန်းသူ ဆရာ ဆရာမ (၉၀၄)ဦးရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲမှတဆင့် ဆရာ ဆရာမများအနေဖြင့် လက်တွေ့နယ်မြေတွင် ကျောင်းသားကျောင်းသူများအား ပြန်လည်သင်ကြားပို့ချရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ လွယ်ကူပြီး ပိုမိုထိရောက်သည့် ပို့ချချက်များ၊ ကျောင်းသားများမှ နားလည်တက်မြောက်နိုင်သော ထိရောက်သည့် သင်ကြားချက်ဆိုင်ရာ ပညာရပ်များကို သိရှိနိုင်မည် ဖြစ်သည်။
နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ကျောင်းသားများ၏ ပညာရေးအတွက် ပိုမိုထိရောက်ပြီး တိုးတက်ကောင်းမွန်သည့် သင်ကြားပို့ချချက်များ ရရှိစေရန် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများအား သက်ဆိုင်သည့် ဘာသာရပ်အလိုက် စွမ်းရည်မြင့် အလုပ်ရုံဆွေးနွေးပွဲများကို နှစ်စဥ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွတ်လျက်ရှိရာ ယခုနှစ်တွင်လည်း ကန်ကြီးထောင့်မြို့နယ်တွင် ကျင်းပသည့် အခြေခံပညာမူလတန်းပြ ဘာသာရပ်စွမ်းရည်မြင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၄) ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)