ငပုတော မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသထွက်မျှင်ငါးပိလုပ်ငန်း သိကောင်းစရာ Talk -Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းက မျှင်ငါးပိ လုပ်ငန်းသည် ငပုတောမြို့၏ အဓိက ဒေသထွက်စားသောက်ကုန် လုပ်ငန်းဖြစ်ကြောင်း၊ သီတင်းကျွတ်လမှ ကဆုန်လအထိ ထုတ်လုပ် ရောင်းဝယ်လျက်ရှိပြီး တန်ဆောင်မုန်းလမှ ပြာသိုလအထိ ဖြစ်ပြီး မျှင်ငါးပိသိုလှောင်ရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း၊ ငပုတောမြို့နယ် ဇီးဖြူဆိပ်ကျေးရွာရှိ မျှင်ငါးပိလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသထွက်မျှင်ငါးပိလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေမှုများကို ကွင်းဆင်း ဆောင်ရွက်နေမှုများနှင့် မျှင်ငါးပိ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်များ၊ မျှင်ငါးပိပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများနှင့် ဒေသထွက်မျှင်ငါးပိ များကို အမြို့မြို့အနယ်နယ်ရှိ စျေးကွက်များသို့ ဖြန့်ဖြူးရောင်းခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး စီးပွားရေး လုပ်ငန်းများ အဆင်ပြေနေမှု များကို ပြောကြားခဲ့ပြီး အခြားအကြုံပြုဆွေးနွေးလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)