ပေါင်းတည် မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၏ သင်္ကြန်အကယိမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစု ယိမ်းများဖြင့်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းသိရပြီး ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုယိမ်းအတွက် အကဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်၌ ဖျော်ဖြေရေးမဏ္ဍပ်တွင် ယင်းသင်္ကြန်အက ယိမ်းများအပြင် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသံရှင်များ၏တေးသီချင်းသီဆို ဖျော်ဖြေတင်ဆက်မှုများလည်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် တန်ဖိုးမြင့်ပစ္စည်းများကို ကံစမ်းမဲဖောက်ပေးမည်ဖြစ်ကြောင်းလည်း ဖျော်ဖြေရေးကော်မတီအဖွဲ့ထံမှ သိရသည်။
သူရကြီး(ပြန်/ ဆက်)