ဖျာပုံ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဌာနအလိုက်လုံခြုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စများ၊ သင်္ကြန်ကာလ ရုံးလုံခြုံရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး စစ်ဆေးအရေးယူမှုများနှင့် ပတ်သက်၍လု ပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က၊ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက" ဌာနအလိုက် လုံခြုံရေးအထူးဂရုစိုက်ဆောင်ရွက်ကြရန်နှင့် မိမိလက်အောက်ဝန်ထမ်းများသို့ ချပြ၍ အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဌာနအလိုက် တာဝန်ချထားဆောင်ရွက်ကြရန်နှင့် ယခုနှစ်သင်္ကြန်ကာလအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး စီမံချက်များ ကြိုတင်ပြင်ဆောင်ရွက်ထားရှိရန်၊ နွေးစပါးနှင့် နေကြာရိတ်သိမ်းနေမှု အခြေအနေများအား နေ့စဥ်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေး စစ်ဆေးအရေးယူမှုများဆောင်ရွက်ရန် လိုအပ်ကြောင်း" ဆွေးနွေးမှာကြားခဲ့ပြီး၊ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်တင်ပြဆွေးနွေးကြရာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်၊၊
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)