တောင်တွင်းကြီးမြို့ တရုတ်ကောမူလတန်းကြိုကျောင်း၌ ကျောင်းဆင်း ဂုဏ်ပြုမှတ်တမ်း‌ ပေးအပ်ခြင်းနှင့် ပဒေသာကပွဲကျင်းပ

တောင်တွင်းကြီး မတ်  ၃၀

မ‌ကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ တရုတ်‌ကောမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မူကြိုရင်‌သွေးငယ်လေးများက ကောက်စိုက်ချိန်၊ တောင်ယာဝင်ချိန်၊ မမကိုယ်တိုင်က၊ တောဂေါ်လီ၊ ရှာပုံတော်မင်းသားကြီး၊ လက်ပံပွင့်ကောက်၊ သျှောင်ပေစူး၊ ဗိုလ်အောင်ဒင်နှင့် မမြဝင်း၊ ဗာရာဏသီ၊ အသည်းမရှိတဲ့လူသားစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ ကြသည်။

ဆက်လက်၍ တရုတ်‌ကော မူလတန်းကြိုကျောင်းမှရင်သွေးငယ်လေးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မူးသက်ခိုင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။  

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်ကောမူလတန်းကြိုကျောင်း ကြီးကြပ်မှုကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)