ပန်းတနော် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ညောင်တုန်း- သာပေါင်းသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း (၅၅)မိုင်အတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်းကြီး ဦးအုန်းမြင့်က တက်ရောက်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ညောင်တုန်း- သာပေါင်း သဘာဝဓာတ်ငွေပိုက်လိုင်း (၅၅)မိုင်အတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းထိုက်က သီးနှံနစ်နာကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတနော်မြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် တောင်သူ (၉၅)ဦးတို့အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံနစ်နာကြေးပေးအပ်ခဲ့ပြီး ဒေသခံတောင်သူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)